ခါမ်းပါတ် ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ၊တမူးခရိုင်၊ ခါမ်းပါတ်မြို့ လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင် ဇူလိုင်လ (၂၃) ရက်နေ့ နံနက်(၁၁)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ( Talk Show) ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်မားရေး (Talk Show) အစီအစဥ်တွင် ဘဝတိုးတက်မြှင့်မားရေးအတွက် စာပေဖတ်ရှုလေ့လာသင့်ပုံ၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ စသည့် အကြောင်းအရာတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခါမ်းပါတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝုန်ဟောက်ညောင်တို့က ဆွေးနွေးပြောကြားခဲ့ကြပြီး ဆွေးနွေးချက် အပြည့်အစုံကို စာပေချစ်မြတ်သူများ၊ စာဖတ်ပရိတ်သတ်များ လေ့လာသိရှိနိုင်ရန် ခါမ်းပါတ်မြို့ ပြည်သူ့စာကြည့်တိုက် page တွင် လွှင့်တင်ပေးခဲ့ကြောင်းသိရသည်။
ဝိဇ္ဇာမောင်