ညောင်တုန်း ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာရေးဆရာမ ခင်စောတင့် ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ”စာအုပ်ဖြင့် စာဖတ် ဝိုင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က စာပေဖတ်ရှုပြီး ဆွေးနွေးသည့်အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး Woman Club အဖွဲ့ အတွင်းရေးမှူး ဒေါ်အမာရှိန်နှင့် အဖွဲ့ဝင်ဒေါ်ချိုမီဇင်တို့က “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်မှ သိုက်မြုံမှခွာသောအခါ၊ လျှို့ဝှက်ဆန်းကြယ် လပြည့်ညဝယ်၊ စကားပြောဖို့ ခလုတ်နှိပ်ပါ၊ မွေးမေမေနှင့် ကျွေးမေမေ၊ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစ သည့် စာအုပ်ပါအကြောင်းအရာများကိုဖတ်ကြားပြီး တက်ရောက်လာသည့် Woman Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)