မအူပင်မြို့နယ်တွင် စီးပွားရေး ထိခိုက်နစ်နာမှုများကို ကုစားနိုင်ရေးအစီအစဉ်CERP ၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ အခမဲ့ထောက်ပံ့

မအူပင်  စက်တင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကျရောက်မှု၏ စီးပွားရေး ထိခိုက်နစ်နာမှုများကို ကုစားနိုင်ရေးအတွက် CERP Action Plan အစီအစဉ်အရ ငါးသားပေါက်များ ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ နာရီက လက်ျားကြီး ကျေးရွာအုပ်စုရှိ  ဖိုးကံပေး ကျေးရွာတွင် ငါးမွေးတောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံပေးအပ်ခြင်းကို မအူပင်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မင်းဦး အောင်ဟိတ်ငါးစခန်းတာဝန်ခံ ဦးအောင်မြင့်မိုးနှင့် ငါးသားပေါက် လုပ်ငန်း တင်ဒါအောင်မြင်ကြသည့် တင်ဒါ Log 4မှ ဦးဝိလျံ၊ဦးကျော် တို့က လကျာ်းကြီး ကျေးရွာအုပ်စုနှင့် သောင်ဇားကျေးရွာအုပ်စုက ငါးမွေးတောင်သူ (၁၂၅)ဦး ငါးမွေးကန် ဧက ၁၃၄၃.၉၅ ဧကအတွက် ငါးမြစ်ချင်း .'' ဆိုဒ်နှင့် '' ဆိုဒ်အရွယ် ငါးသားပေါက်ကောင်ရေ (၄၂၁၂၉၈၀)​ကောင်အား ထောက်ပံပေးအပ်ခဲ့သည်။

ဆက်လက်၍ ငါးသားပေါက်လုပ်ငန်း တင်ဒါအောင်မြင်သည့် Log 5မှ ဦးဝါးရှီးနှင့်ဇနီး ဒေါ်ပိုပိုဇင် တိုးတက်အောင်မြင် ငါးသားပေါက်စခန်းတို့က လကျာ်းကြီးကျေးရွာ အုပ်စုအတွင်းရှိ ငါးမွေး တောင်သူ (၇၀)ဦး ငါးမွေးကန်ဧက (၁၉၀၃.၇၄)ဧကအတွက် ငါးမြစ်ချင်း .'' ဆိုဒ်နှင့်  '' ဆိုဒ်အရွယ် ငါးသားပေါက်ကောင်ရေ (၃၈၀၇၄၈၀)ကောင်အား ထောက်ပံပေးအပ်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့်ငါးမွေး တောင်သူများ တက်ရောက်လက်ခံခဲ့ကြောင်း မအူပင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

အောင်ခိုင် (မအူပင်)