အိမ်မဲ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်ရပ်ကွက်ရှိ ခုတင်(၅၀) ပြည်သူ့ဆေးရုံဝန်းအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ စနေနေ့တိုင်းအပါတ်စဉ် စုပေါင်း သန့်ရှင်းကို ယနေ့ နံနက် ၇နာရီတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်း၊ ကြက်ခြေနီ အသင်း ကျန်းမာရေးဦးစီးဌာနတို့မှ စုစုပေါင်း အင်အား(၁၂၀)ခန့်ဖြင့် ဆေးရုံဝန်းအတွင်းအပြင် အမြင်မတင့်တယ်သောအပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်နှင့် ခြုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းအောင်ဆောင်ရွက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ ကြ ကြောင်းသိရသည်။
ဆက်လက်ပြီး အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတာဝန်ရှိသူများက ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း BA4,BA5 ကြိုတင် ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းအခု (၅၀၀)ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)