ကော့သောင်း ဇူလိုင် ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ် သမားအမျိုးသား(၇၉)ဦး၊ အမျိုးသမီး(၄၆)ဦး၊ စုစုပေါင်း အလုပ်သများ(၁၂၅)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း)လိုင်စင်ရ အေဂျင်စီ တစ်ခုဖြစ်သည့် Yellow Dawn Services Co,Ltd မှ ထိုင်းနိုင်ငံရှိ Westcom Co,Ltd သို့ (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ရန်ကုန်မြို့မှ တစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး ကော့သောင်းအပြည်ပြည် ဆိုင်ရာ နယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ရာ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင် အလုပ် သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်း ခရိုင်ရုံးနှင့် တာဝန်ရှိအဖွဲ့အစည်းများက လို့အပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင် ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်မည့် ကုမ္ပဏီသို့ စနစ်တကျပို့ဆောင် ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)