အိမ်မဲ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်က စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက်အကျယ်တဝင့်ဟောပြောပေးခဲ့သည်။
“အမှိုက်စွန့်ပစ်တာနဲ့ပတ်သက်ပြီး မီးဖိုချောင်ထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံဆေးခန်းထွက်အမှိုက်၊ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်နဲ့ သာမာန်အမှိုက် အမျိုးအစားများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသားကျောင်းသူများအား မိမိတို့နေအိမ်မှ စတင်ပြီး မိမိပတ်ဝန်းကျင်၊ ကျောင်းများနဲ့လမ်းများမှာ အမှိုက်ကိုစနစ်တကျခွဲခြားစွန့်ပစ်သည့် အလေ့အထကောင်းများဖြစ်ပေါ်စေရေးပညာပေး ဆွေးနွေးပေးတာဖြစ်ကြောင်း” အိမ်မဲမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အမှု ဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်ပြောကြားချက်အရသိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ အ-ထ-က(၂)ကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်နားထောင်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)