မယ်စဲ့မြို့နယ်၌ ကျောင်းနေအရွယ် ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ်ဖြစ်သည့် ကလေးသူငယ်များ ပညာသင်ယူခွင့်ရရှိစေရေး၊ ကျောင်းနေအရွယ် ကလေးသူငယ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်မှုကို ဟန့်တားထိန်းချုပ်နိုင်စေရေး ရည်ရွယ်၍ ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။