ကယားပြည်နယ်

မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယမန်နေ့က မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် မိုးစပါး ၁၄၉၇ ဧက စိုက်ပျိုးပြီးစီး

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသတွင်းဆန်စားသုံးမှု ဖူလုံစေရေးအတွက် ယခုနှစ်မိုးရာသီ၌ တောင်ယာနှင့် လယ်ယာမြေများတွင် မိုးစပါး ၁၄၉၇ ဧက စိုက်ပျိုးပြီးစီးပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ကားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြည်နယ်အဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းနားကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club အသင်း)တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည် ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို  ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

နယ်စပ်​ဒေသဖွံ့ဖြိုးရေး (ပြည်နယ်)ရန်ပုံ​ငွေဖြင့်​ဆောင်ရွက်သည့် ​​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ကွင်းဆင်းစစ်​ဆေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်  နယ်စပ်​​ဒေသဖွံ့ဖြိုး​ရေး၊၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်(ပြည်နယ်)ရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို

ဖား​ဆောင်းမြို့နယ်​ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်ရှိသူများ ကွင်းဆင်းစစ်​ဆေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၊​ ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် မြို့တွင်း​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများ ကြီးကြပ်ရေး​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များက ယ​မန်​​နေ့က ကွင်းဆင်း ကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်