ဖားဆောင်းမြို့နယ် ကျောက်ပဲညိုကျေးရွာတွင် ဆောင်းနေကြာစပ်မျိုးရေဆင်း(၁)စံပြကွက် စိုက်ခင်း(၃)ဧက ရိတ်သိမ်းနေမှုကို တာဝန်ရှိသူများ ကြည့်ရှုအားပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ကျောက်ပဲညိုကျေးရွာတွင် ဆောင်းနေကြာစပ်မျိုးရေဆင်း (၁)စံပြကွက်စိုက်ခင်း(၃)ဧက ရိတ်သိမ်းနေမှုအား မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များက ယနေ့နံနက်(၈)နာရီအချိန်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။