ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၌ က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ​ကော်မတီစည်း​ဝေးကျင်းပ

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ယမန်​နေ့က မြို့နယ်က​လေးသူငယ်အအခွင့်အ​ရေးများဆိုင်ရာ​ကော်မတီ အစည်းအ​ဝေးကိုကျင်းပရာ ​ကော်မတီတွင်ပါဝင်​သော ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်​ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ရှိ ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ နယ်စပ်ရေးရာဝန်ကြီးဌာနက လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကယားပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ သံဃာတော်များ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဖားဆောင်းမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူများအား ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်တွင် ဆက်လက်ကျင်းပသည်။

ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အိမ်တိုင်ရာရောက်အဘိတ်ဆေးခပ်ခြင်းကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ နန်းဟူးကုန်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်က တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အိမ်တိုင်ရာရောက်အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမဒေါ်တင်မိုးသက်မှဦးဆောင်၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများအား အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၌ ဆီထွက်သီးနှံ ​ဆောင်း​​နေကြာ (​ရေဆင်း-၁) စံပြစိုက်ခင်းများ ​အောင်မြင်ဖြစ်ထွန်း​မှုအား ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ ​ဆောင်းနေကြာ (​ရေဆင်း-၁) စိုက်ပျိုးထားရှိမှုနှင့် ​အောင်မြင်ဖြစ်ထွန်း​မှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များက ယမန်​နေ့က ပါပုကျေးရွာ​နေ ​တောင်သူဦးပြည့်စုံ၏ ယာ​မြေ​နေရာ၌ စိုက်ပျိုးထား​သော ​ဆောင်းနေကြာ (​ရေဆင်း-၁) စံပြစိုက်ခင်း ၃ ဧက ​နေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့ရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စစ်ကြောင်းကြီးငါးကြောင်းပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မယ်စဲ့မြို့ သိရိမင်္ဂလာရတနာသုခ(မြို့မ)ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော် ဘက်စုံပြုပြင်မွမ်းမံခြင်း၊ ကုန်သည်ကြီးစေတီတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခြင်းတို့အတွက် ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်မတည်၍ ပြည်သူအများစုပေါင်းလှူဒါန်းမှုဖြင့် မြို့နာမ်စေတီတော် ဘက်စုံပြုပြင်မွမ်းမံခြင်း၊ ကုန်သည်ကြီးစေတီတော်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခြင်းတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော်ပရဝဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ပန်တိန်းကျေးရွာပြည်သူများအား အဋ္ဌမအကြိမ် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့က ပန်တိန်းကျေးရွာ ကက်သလစ်ဘုရားရှိခိုး ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်