ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ ဘင်ခရာအဖွဲ့ တူရိယာပစ္စည်းနှင့် ဝတ်စုံစရိတ်များ ထောက်ပံ့ပေးအပ်
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ အမှတ်(၁)နှင့်အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းများသို့ ဘင်ခရာအဖွဲ့တူရိယာပစ္စည်းနှင့် ဝတ်စုံစရိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ ဆရာမများ၊ ဘင်ခရာတပ်ဖွဲ့ဝင်များနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။