ဖားဆောင်းမြို့နယ်တွင် သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဥ္စမအကြိမ်ထပ်ဆောင်ထိုးနှံပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ဒေသခံပြည်သူများနှင့် သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဥ္စမအကြိမ် Sinopharm ဆေးကို ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ဖားဆောင်းမြို့ မြောက်ပိုင်းရပ်ကွက်ရှိ မွေတော်ပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။