မယ်စဲ့မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်အပ်နှံ
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၃ ရက်မှ မေလ ၃၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်အပ်နှံခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။