ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ကျောင်းအပ်နှံမှုများအား ကြည့်ရှုအားပေး
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။