လွိုင်ကော်မြို့၌ ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သူနာပြုသားဖွား သင်တန်းကျောင်း (လွိုင်ကော်) ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြန်လည်တည်ငြိမ်အေးချမ်းမှု ရရှိလာပြီဖြစ်သော လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုနှင့် သူနာပြုသားဖွား သင်တန်းကျောင်း (လွိုင်ကော်) ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ နေရပ်ပြန် ဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။