ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားတက်ရောက်
ပြည်သူလူထုတစ်ရပ်လုံး အာဟာရပြည့်ဝပြီး ကျန်းမာစွာနေထိုင်စားသောက်တတ်သည့် အသိပညာ၊ အမူအကျင့်ကောင်းများရရှိစေရန် ကလေးငယ်များနှင့်အမျိုးသမီးများ၏ ကျန်းမာရေးနှင့်အာဟာရအခြေအနေပိုမိုကောင်းမွန်မြင့်မားလာစေရန်၊ အာဟာရချို့တဲ့မှု ခံစားရသည့် လူနာများကို ပြီးပြည့်စုံသည့် အာဟာရစောင့်ရှောက်မှုများ ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။