ကယားပြည်နယ်

လွိုင်ကော်မြို့အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးရေးအတွက် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ၊ အဆင့်မြှင်ပညာတက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ၊ ဝန်ထမ်းအိမ်ရာများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများတွင် အပတ်စဉ် စနေနေ့တိုင်းစုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ရေဝင်ရောက်သည့် ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း ဖွင့်လှစ်ထားသည့် ရေဘေးကွပ်ကဲရေးရုံး၌ လွိုင်ကော်မြို့အတွင်း ဘီလူးချောင်း ရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်ကျရောက်လာပါက စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအသီးသီးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုးတောင်သူများအား နေကြာမျိုးစေ့အခမဲ့ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးအပ်ခြင်းအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှဦးစီး၍ ပြည်နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုး တောင်သူများအား နေကြာမျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များရှိ နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ ဆားနှင့် ကုလားပဲများလှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှားတောမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဆွမ်းဆန်တော်ပြည့်စုံစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲများ လှူဒါန်းလျက်ရှိသည်။

ကယားပြည်နယ် ဝန်ကြီးချုပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစားခန်းမသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏  ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစားခန်းမသို့ သွားရောက်ကြည့်ရှုခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၌ ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းသူများ အခွန်လွတ်ဈေးသို့ သွားရောက်ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန် ၊ ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းသူများအခွန်လွတ်ဈေးသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)သို့ ထပ်ဆောင်းထောက်ပံ့ငွေ ၊ ဆန်နှင့်စားသုံးဆီများပေးအပ် ၊ ဘောလုံးပွဲကြည့်စင် ပြုပြင်မွမ်းမံပြီးစီးမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(လွိုင်ကော်)သို့သွားရောက်ကာ သင်တန်းသား ၊ သင်တန်းသူများနှင့်တွေ့ဆုံပြီး ထပ်ဆောင်းထောက်ပံ့ငွေ၊ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။

လွိုင်ကော်မြို့၊ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကြည့်ရှု

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ခြင်အန္တရာယ်နှင့်အခြားရောဂါများကင်းဝေးရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့်ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

ကယားပြည်နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လွိုင်ကော်မြို့၊ အမျိုးသမီးအိမ်တွင်းမှု လုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်