သူနာပြုနှင့်သားဖွားသင်တန်းကျောင်း သတ္တမအကြိမ်မြောက် အပတ်စဉ် (၂၇) သူနာပြု- သားဖွားဒီပလိုမာ (၃) နှစ် သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ
သူနာပြုနှင့်သားဖွားသင်တန်းကျောင်း သတ္တမအကြိမ်မြောက် အပတ်စဉ် (၂၇) သူနာပြု- သားဖွား ဒီပလိုမာ (၃) နှစ် သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။