ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်း
ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ပြည်သူများရေဘေးသင့်ခဲ့၍ ယာယီရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ကာ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။