ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ကယားပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ကယားပြည်နယ်အနေဖြင့် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုရရှိစေရန်နှင့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။