ကယားပြည်နယ်

ဒီးမော့ဆိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လယ်ယာကုန်ထုတ်လမ်းနှင့် ရေပေးဝေရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အချိန်မီ ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ပြည့်မီစွာဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက  ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လယ်ယာကုန်ထုတ်လမ်းနှင့် ရေပေးဝေရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များ အချိန်မီ ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ပြည့်မီစွာ ဆောင်ရွက်နိုင်ရေး အတွက် ယနေ့ နံနက်ပိုင်းက ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ပုဂ္ဂလိကမြေယာပိုင်ဆိုင်မှု ရရှိစေရေး မြို့မြေငှားဂရန် ကွင်းဆင်းစစ်ဆေး

ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြေယာအရှုပ်အရှင်းကင်းပြီး အမှုတွဲနှင့် ပြည့်စုံသော နေအိမ်များကို ပုဂ္ဂလိကမြေဂရန် ထုတ်ပေးနိုင်ရေးအတွက် မြို့မြေငှားဂရန် ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တို့၌ မြေပြင်တိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့ဘီပီ(၁၃)ဂိတ်နှင့် ဘီပီ(၁၄)နယ်စပ်ဂိတ်တို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ ဝင်ပေါက်/ထွက်ပေါက်ဖြစ်သည့် မယ်စဲ့ဘီပီ(၁၃)ဂိတ်နှင့် ဘီပီ(၁၄)နယ်စပ်ဂိတ်တို့တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်မွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယ်စဲ့ဘီပီ(၁၃)ဂိတ်နှင့် ဘီပီ(၁၄)နယ်စပ်ဂိတ်တို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ ဝင်ပေါက်/ထွက်ပေါက်ဖြစ်သည့် မယ်စဲ့ဘီပီ(၁၃)ဂိတ်နှင့် ဘီပီ(၁၄)နယ်စပ်ဂိတ်တို့တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကမ္ဘာ့နိုင်ငံ များတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်မွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မတ်လ ဒုတိယပတ်မှစ၍ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အုပ်စုစာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။

မော်ချီးဒေသ သတ္တုလုပ်ငန်းရှင်များနှင့်ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည့် အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသ သတ္တုလုပ်ငန်းများဆောင်ရွက်သောလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က မော်ချီးသတ္တုတွင်းစီမံကိန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မတ်လ ဒုတိယပတ်မှစ၍ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အုပ်စုစာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဘောလခဲ−ဒီးမော့ဆို−လွိုင်ကော်−ရန်ကုန် မိုးကောင်းကင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းသစ်ဖွင့်လှစ်

ကယားပြည်နယ် အတွင်းရှိ မိဘပြည်သူများ ခရီးသွားလာ လွယ်ကူအဆင်ပြေစေရန်အတွက် မိုးကောင်းကင် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ဘောလခဲ−ဒီးမော့ဆို−လွိုင်ကော်−ရန်ကုန် မော်တော်ယာဉ်လိုင်းသစ် ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့၊ နောင်ယားကန်အနီး ၊ YGN Food House ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကယားပြည်နယ်