ဖားဆောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် နှာခေါင်းစည်းအဝတ် (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ်နေ့ လှုပ်ရှားမှုအဖြင့် နေအိမ် ပြင်ပထွက်ခွာသွားလာနေသော ခရီးသွားပြည်သူများအား ယနေ့ နံနက် ၈ နာရီအချိန်က ပူးပေါင်း ကျန်းမားရေးစစ်ဆေးသည့်ဂိတ်၌ နှာခေါင်းစည်း (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။