ရွာသစ်မြို့ ဓာတ်တော်စေတီအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကယားပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဖြည့်စွက် ရန်ပုံငွေ(၅၆.၁၉၈) သန်းဖြင့် ဆောင်ရွက်သော ရွာသစ်မြို့ ဓာတ်တော်စေတီ အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို မတ်လ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။