မယ်စဲ့မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်ချိန်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းဖွင့်ချိန် အတွင်း ကျောင်းသား / ကျောင်းသူများ ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၇ ကျောင်း၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။