လွိုင်ကော် စက်တင်ဘာ ၁၂
နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး၌ ပြုလုပ်ခဲ့သည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်ကော်မတီအဖွဲ့ဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ “အပြင်ထွက်ပါက နှာခေါင်းစည်း (Mask)များကို တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ သွားလာ နေထိုင်ကြရန်နှင့် တစ်ဦးတစ်ယောက်ချင်းစီအလိုက် မိမိတို့၏ကျန်းမာရေး အသိစိတ်များနှင့်အညီ ရောဂါကူးစက်မှုမရှိရေး သတိပြုနေထိုင်ကြရန်”အစရှိသည့် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေး နှိုးဆော်မှုများကို Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ပြီး ဈေးသွားဈေးလာ ပြည်သူများကို နှာခေါင်းစည်း(Mask) ၂၅၀၀ ခုအား အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် ပြန်/ဆက်