မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်နဲ့အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအချင်းချင်း အတွေးအမြင် ဗဟုသုတများ မျှဝေနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club၊ Book Club တို့ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့အပြောင်းအလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။