ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတက်ရောက်
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် သင်တန်းသား/သင်တန်းသူများ အားကစားကိုအခြေခံ၍ အချင်းချင်းချစ်ကြည်ပူးပေါင်းမှုရရှိကာ ကာယ၊ ဉာဏ၊ စာရိတ္တ တိုးတက်မြင့်မားရေးအတွက် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။