မြစ်ကြီးနားမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲ အခမ်းအနား ကျင်းပ
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါဝင်သည့် မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကို မေ ၁၉ ရက် နံနက် ၇ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆမားလမ်းပေါ် အ.ထ.က (၁)နှင့် အ.ထ.က (၉)ကြားတွင် ကျင်းပပြုလုပ်ရာ အခြေခံပညာကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာ၊ အတီးအမှုတ်အဖွဲ့များ၊ ကင်းထောက်လူငယ် များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။