ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကျောင်းပေါင်းစုံသင်တန်းဆင်းပွဲကျင်းပ
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကျောင်းပေါင်းစုံသင်တန်းဆင်းပွဲနှင့် သင်တန်းမှ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။