ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်၊ နမ္မတီးဒေသရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာ၊ ဆီနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်ကျေးရွာများကို စွန့်ခွာ၍ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများသို့ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နမ္မတီးမြို့သို့ သွားရောက်ခဲ့ကြသည်။