ရွှေကူမြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန် ယာယီနေရပ်စွန့်ခွာစခန်းများသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန် အောက်တိုဘာလ ၁၁ ရက်နံနက်ပိုင်းက ယာယီနေရပ်စွန့်ခွာစခန်းများသို့ အသိပညာပေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။