ကချင်ပြည်နယ်

ပူတာအိုခရိုင်၌ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကကြီးမှူး၍ ကျောင်းသား ကျောင်းသူများ အခြေခံအင်္ဂလိပ်စာကို တတ်မြောက်နိုင်ရန်နှင့် နွေရာသီကျောင်းပိတ်သည့် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အတွက် အလယ်တန်း၊ အထက်တန်းအဆင့် နွေရာသီ အခြေခံ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်(၂၃)ရက် မွှန်းလွှဲ(၁)နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် စိုက်ပျိုးချိန်တွင် တောင်သူများ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် စိုက်ပျိုးချိန်တွင် တောင်သူများအတွက် စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးကောင်းမြို့နယ်၌ စားသုံးဆီဖူလုံမှုရှိစေရေး ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား ခရိုင်/မြို့နယ်တာဝန်ရှိသူများမှ တတိယအကြိမ် ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ဒေသအတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့်ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များအား လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ခရိုင်/မြို့နယ်တာဝန်ရှိသူများမှ ယနေ့ နံနက် (၁၀) နာရီက တတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၌ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူးကျင်းပသည့် “သစ်တောများနှင့်စီးပွားရေး” ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မတ်လ(၂၁)ရက် နံနက်(၁၀)နာရီတွင်ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း ပဲပုပ်ခင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ နှင့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးအပြီး လယ်သီးထပ် နေကြာ၊ ပဲပုပ်များ စိုက်ပျိုးထားရှိပြီး လယ်သီးထပ် ပဲပုပ်ခင်းမြေသြဇာဖျန်းခြင်း၊ နေကြာသီးနှံ ပျားဖြင့် ဝတ်မှုန်ကူးခြင်း၊ ထယ်ရေးမဲ့ စပါးရိုးပြတ်ရိတ်ဖုံး စနစ်ဖြင့် စိုက်ပျိုးသည့် ပဲပုပ်ခင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲများနှင့် လယ်သီးထပ်အတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားများကို အဆိုပါ စံပြစိုက်ခင်းအတွင်း မတ် ၂၁ ရက် နံနက်ပိုင်းက ကျင်းပ ပြုလုပ်သည်။

ပူတာအိုမြို့၌ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ်(၂၁)ရက် နံနက်(၈)နာရီခွဲက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အတွင်း ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ အများပြည်သူအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သွားမည့်နေရာအား ယနေ့နံနက်ပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့သည်။

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်

ကချင်ပြည်နယ်လွှတ်တော်၏ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်း အဝေးကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး သဘာပတိတင်မြောက်ခြင်း အပါအဝင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

မိုးညှင်းမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ သင်ကြားပို့ချလျက်ရှိရာ ကျောင်းသားလူငယ်များမှ စိတ်ဝင်တစားသင်ယူ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော နွေရာသီအားကစားသင်တန်းများကို ဖေဖော်ဝါရီ (၂၃) ရက်မှစတင်၍ ယနေ့အချိန်အထိ သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်းသားလူငယ်များမှ စိတ်ဝင်တစား လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် စာကြည့်တိုက်အသုံးချမှုပိုမိုမြှင့်တင်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က စာဖတ်ရှိနိမြှင့်တင်ရေး ကောက်ကျစ်စိတ်ထား တို့ဖယ်ရှား ထောင်းစဥ်ဖြင့် အသိပညာပေး ဟောပြောပြီးနောက် နွေဦးအလှ ခေါင်းစဥ်ဖြင့် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် ၁၅ ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံးပန်းချီများနှင့် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများကို ရွေးချယ်ကာဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။ 
Subscribe to ကချင်ပြည်နယ်