ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင်စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ပြန်လည်ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။