ပူတာအိုမြို့ အ.လ.က-ခွဲ(ပန်းလှိုင်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ကျောင်းသားကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ စာဖတ်သည့်အလေ့အထရရှိလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်(၂၀)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ အ.လ.က-ခွဲ(ပန်းလှိုင်)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။