ကချင်ပြည်နယ်

ဟိုပင်မြို့တွင် မဲရုံများ၌ ပြည်သူများ စနစ်တကျ ဆန္ဒမဲပေး

ကချင်ပြည်နယ်၊  မိုးညှင်းခရိုင် ဟိုပင်မြို့တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် (၆)နာရီမှစတင်၍ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မြစ်ကြီးနားမြို့နယ်အတွင်း မဲရုံများဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်း လာမည့်ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးတို့သည် ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့‌ပေါ်ရှိ မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ စုပေါင်းဆင်နွှဲ

ဒီဇင်ဘာအားကစားလလူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာအားကစားလစတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့၌ လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူအများအပြားဖြင့် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြစ်ကြီးနားမြို့နယ်နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ‌ရုံးများ၌ ကြိုတင်ဆန္ဒမဲလက်မှက်များ ဖွင့်ဖောက်ရေတွက်နေမှု အခြေအနေများကို လည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

မချမ်းဘောမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များ ဖွင့်ဖောက်ရေတွက်ခြင်းကို ယမန်နေ့ညနေ (၄)နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ပူတာအိုခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၊ မဲရုံအတွင်း လွတ်တော်အလိုက် ခင်းကျင်းပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဒိန်ရထင်ဗေး၊ ဦးသိန်းစိုးနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံသည်။

မိုးညှင်းမြို့နယ်၌ ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ဒေသအတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း) ရပ်ကွက်ရှိ မြတ်သုခဆီစက်လုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

တနိုင်းမြို့၌ ကြိုတင်မဲပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ကျေးရွာ၊ရပ်ကွက်ရုံးများတွင်  တတိယအကြိမ် မဲအတည်ပြု မဲစာရင်းများကြေညာထားပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက် ကိုင်တွယ်မည့်မဲရုံအဖွဲ့ဝင်များအား ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်း(၉)နာရီမှစ၍ သက်ဆိုင်ရာ ကျေးရွာ၊ရပ်ကွက်ရုံးများတွင် ကြိုတင်မဲရုံမျာပြင်ဆင်၍ ကြိုတင်မဲပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲများကို ဖွင့်ဖောက်ရေတွက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လာသည့် ကချင်ပြည်နယ်အတွင်း အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို ယမန်နေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ဖွင့်ဖောက်ရေတွက်ခဲ့ကြသည်။

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသမီး/အမျိုးသား ဘောလီဘောဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ယခုပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသမီး၊ အမျိုးသား ဘောလီဘောဗိုလ်လုပွဲစဉ်များနှင့် ဆုများချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့က တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်