ကချင်ပြည်နယ်ဝန်ကြီးချုပ် မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့၏ အမျိုးသားဘောလုံးပြိုင်ပွဲကို တက်ရောက်ဖွင့်လှစ်အားပေး၊ မြို့တွင်းရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့၏ စတုတ္ထအကြိမ်မြောက် သင်တန်းကျောင်း များရှိ သင်တန်းသားများအတွက် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသည့် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးသည်။