ကချင်ပြည်နယ်

တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကို ဇွန်လ (၁၁) ရက် မွန်းလွဲ (၁) နာရီက ဒူးကောင်းရပ်ကွက်၊ အေဂျီဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်မင်းထက်က အဖွင့်အမှာ စကားပြောကြားခဲ့ သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့၏ အမျိုးသားဘောလုံးပြိုင်ပွဲကို တက်ရောက်ဖွင့်လှစ်အားပေး၊ မြို့တွင်းရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့၏ စတုတ္ထအကြိမ်မြောက် သင်တန်းကျောင်း များရှိ သင်တန်းသားများအတွက် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသည့် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာချန်ဖွမ်နှင့် မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့အား သီးခြားစီတွေ့ဆုံ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းမျ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာချန်ဖွမ်၊ မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဖွဲ့ဝင်များအား ဇွန် ၁၀ ရက်နေ့တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ သီးခြားစီတွေ့ဆုံ၍ ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်‌ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကို မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ် ဖူဆယ်အားကစားကွင်းအနီး မြေကွက်လပ်၌ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကျိုးပြုမိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး

ကချင်ပြည်နယ်၊ ပူတာအိုတွင် သစ်တောဦးစီးဌာနကကြီးမှူးကျင်းပသော ၂၀၂၃-ခုနှစ် ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကျိုးပြု မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် (၁၀) ရက် နံနက် (၇) နာရီက ပူတာအို-မချမ်းဘော-နောင်မွန်းကားလမ်းပေါ်ရှိ ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု ဂျူဗလီကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်း၌ ကျင်းပသည်။

ဖားကန့်မြို့နယ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် မြို့မိမြို့ဖများ စုပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဝင်း၌ ကျင်းပသည်။

မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို မိုးကောင်း-ပင်းခါးကျေးရွာသွား ကားလမ်းဘေးရှိ ခ.လ.ရ (၇၄)စစ်တပ်ဂိတ်အနီး၌ ယနေ့နံနက်(၇)နာရီတွင် ပြုလုပ်သည်။

တနိုင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၃ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက်(၈)နာရီက လမုန်ကျေးရွာ၊ လီဒိုလမ်းမကြီးလမ်းဘေးဝဲ/ယာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မံစီမြို့နယ်၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ကောင်ရာရပ်ကွက် မံစီ(မြို့မ)သစ်တောပျိုးဥယျာဉ်အနီး၌ ဇွန် ၁၀ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်စိုးက လွဲပြောင်းပေးအပ်ခဲ့သည့် သစ်ပျိုးပင်များကို လက်ခံခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သစ်ပျိုးပင်များကို တက်ရောက်လာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများထံသို့ ပြန်လည်ဖြန့်ဝေပေးခဲ့ပြီး ကျွန်း (၅၀၀)ပင်၊ ပျဉ်းကတိုး (၃၀၀)ပင်၊ ကညင်(၅၀)ပင်၊ မန်ဂျန်ရှား (၅၀)ပင်၊ ပိတောက် (၁၀၀)ပင် စသည့် သစ်ပျိုးပင်ပေါင်း (၁၀၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

မိုးမောက်မြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မိုးရာသီမိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခန့်က အလင်းကောင်ရပ်ကွက် အောင်လောင်းတော နေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်