ကချင်ပြည်နယ်

တနိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ဟူးကောင်းသွေးသစ် ဖူဆယ်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean & Green Schools) ပေါ်ထွန်းလာစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean & Green Schools) ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean & Green School Award) ချီးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ ဝင်ရောက် ယှဥ်ပြိုင်မည့်အဖွဲ့များ စုဖွဲ့ပြင်ဆင်လေ့ကျင့်နေမှုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲသို့ ကချင်ပြည်နယ်မှ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့်ပြိုင်ပွဲကို ပြုလုပ်ကျင်းပ သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်အဆင့် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အသီးသီးမှ ရောက်ရှိလာကြသော ပြိုင်ပွဲဝင် အဖွဲ့များနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များအား မြစ်ကြီးနားမြို့‌ပေါ်ရှိ ၎င်းအဖွဲ့များ စုဖွဲ့နေရာချထားသည့် စခန်းအသီးသီး၌ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

မိုးကောင်းမြို့ အ.ထ.က-နောင်ကိုင်တော်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို စက်တင်ဘာ(၂၈)ရက် နံနက်(၁၀)နာရီတွင် အ.ထ.က-နောင်ကိုင်တော်ကျောင်း၌ ကျင်းပသည်။

မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆု၊ ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆု၊ ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်းရှိ အေးမြသီတာခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား/သူလေးများက “ပညာပြည့်ဝနှလုံးလှ”တေးသီချင်းအား သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။

မြစ်ကြီးနားမြို့၌ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)၌ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ဆဒုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က(ဆဒုံး)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊

ဝိုင်းမော်မြို့နယ်တွင် အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် နောင်တာလော ကျေးရွာ သာသနာ့ရက္ခိတ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ အမှတ်(၁)နှင့် အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ ထောက်ပံ့ငွေနှင့် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် အမှတ်(၁)နှင့် အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/‌ကျောင်းသူများအတွက် ထောက်ပံ့ငွေများနှင့် တူညီဝတ်စုံများ ထောက်ပံ့ပေး အပ်ခြင်း အခမ်အနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁) သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှ ဗန်းမော်မြို့၊ သိမ်တော်ကြီးဘုရားဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦး ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း (၁၁၂)ဦးတို့သည် ၂၆-၉-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုရားဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ပါသည်။
Subscribe to ကချင်ပြည်နယ်