ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား ဂါဝရပြုပူဇော်ထောက်ပံ့
“သက်ကြီးသူများဘဝသာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်း ဖြည့်ဆည်းကြပါစို့” ဟူသော ဆောင်ပုဒ်ဖြင့် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ အောက်တိုဘာ ၁ ရက် နံနက် ၈ နာရီက အံတော်ရှင် တောင်တန်းသာသနာပြု ကျောင်းတိုက်၌ ကျင်းပပြုလုပ်ကာ ပြည်နယ်အတွင်းရှိ အသက် ၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဂါဝရပြုပူဇော်ကန်တော့ခဲ့ကြသည်။