မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများရှိတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား အာဟာရနှင့် ကျန်းမာရေးဆေးဝါးများထောက်ပံ့
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေးအတွက် ညစာကျက် ဝိုင်းများ ဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းများသို့ မြို့နယ်တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့် မားရေးကော်မတီဝင်များက အာဟာရ ကြက်ဥနှင့်အရေးပေါ်သုံး ကျန်းမာရေးဆေး သေတ္တာများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။