ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး လုပ်ငန်းစီမံကိန်း ဆောင်ရွက်နိုင်ခဲ့မှုများ/ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများနှင့် သုံးသပ်ညှိနှိုင်း ဆွေးနွေး၊ မြစ်ကြီးနား-မိုးကောင်း-မြစ်ကြီးနား မီးရထားအမြန်ပြေးဆွဲန
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး ဘက်စုံ/ကဏ္ဍစုံမှ တိုးတက်မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ခဲ့ မှုများအပေါ် သုံးသပ်ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။