ကချင်ပြည်နယ်ဝန်ကြီးချုပ် သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)၏ ရုံးသစ်ဖွင့်ပွဲ၊ သတ္တမ အကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းခြင်းအခမ်းအနားနှင့် မိုးကောင်း- မြစ်ကြီးနား မီးရထားပြေးဆွဲနိုင်ရေး (တတိယ)အကြိမ် ညှိနှိုင်းဆွေးနွေးပွဲများသို့တက်ရောက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခေမာသီရီဘုန်းကြီးကျောင်းဝင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)၏ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရုံးသစ်အဆောက်အအုံရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြသည်။