ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့ သန့်ရှင်းသာယာလှပရေး၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ ဒေသဝမ်းစာဖူလုံရေး ဆိုင်းဘုတ်စိုက်ထူပွဲနှင့် မြို့နယ်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး
ကချင်ပြည်နယ် ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဝမ်းစာဖူလုံရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၁၄ ရက် နံနက် ၇ နာရီက ပူတာအိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။