ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ပထမရက် (၁၀၀) ကာလအတွင်း မြစ်ကြီးနားမြို့တွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးဆောင်ရွက်မည့် Pilot Project အား ရှင်းလင်းခြင်း အခမ်းအနားသို့တက်ရောက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပထမ ရက် ၁၀၀ ကာလအတွင်း မှုခင်းကြိုတင်ကာကွယ်ရေး၊ အရေးကြီးမှုခင်းများ လျော့နည်းကျဆင်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မည့် Pilot Project စီမံချက်လုပ်ငန်းစဥ် အသေးစိတ် ချပြရှင်းလင်းခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ ဧရာရပ်ကွက် စုပေါင်းရုံးဝင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများ တက်ရောက်သည်။