နောင်မွန်းမြို့နယ်၌ တောင်ကမ်းပါးယံပြိုကျမှုကြောင့် မော်တော်ယာဉ်များ သွားလာရေး အခက်အခဲကြုံတွေ့နေရ
ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို-မချမ်းဘော့-နောင်မွန်းကားလမ်းမပေါ်တွင် တောင်ကမ်းပါးယံပြိုကျမှုကြောင့် မေလ ၂၃ ရက် နံနက်ပိုင်းမှ စတင်ပြီးလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။