ကဏ္ဍအသီးသီး၌ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ရွှေကူမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်း ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ကဏ္ဍအသီးသီး၌ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းဟောင်း ပင်စင်စားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် အာဟာရဒါနများလှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို မတ်လ ၂၁ ရက် နံနက် ၇နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။