ကချင်ပြည်နယ်

မိုးကောင်းမြို့၌ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စာတတ်မြောက်ရေးနေ့အခမ်းအနားကို အမှတ်(၂)အ‌ခြေခံပညာအထက်တန်းကျောင်း မဉ္ဇူသကခန်းမ၌ စက်တင်ဘာ(၈)ရက်နံနက်(၁၀)နာရီတွင် ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်၊ စခန်းသွင်းလေ့ကျင့်ပြင်ဆင်လျက်ရှိသော ပြည်နယ်လက်ရွေးစင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်အဖွဲ့အား ကြည့်ရှုအားပေး၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင

နှစ်စဉ် စက်တင်ဘာ ၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယခုနှစ်၂၀၂၅ ခုနှစ်တွင် “ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့ စာတတ်မြောက်ရေးမြှင်တင်စို့” ဆောင်ပုဒ်ဖြင့် ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ် ရာ အခမ်းအနားကို အခြေခံပညာကျောင်းသား/ ကျောင်းသူများက “ဝ ထ က လ သ” တေးချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေဖွင့်လှစ်ပေးသည်။

မိုးကောင်းမြို့၌ မွေးစမှ ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို စက်တင်ဘာလ (၅) ရက်နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက်ဆောင်ရွက်ပေးကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲနှင့် မဲပေးစက်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် လာမည့်ဒီဇင်ဘာလတွင်ကျင်းပမည့် ပြည်လုံးကျွတ်ရွေးကောက်ပွဲကြီး ချောမွေ့လွယ်ကူအောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူးကျင်းပသော မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲနှင့် မဲပေးစက်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ(၂)ရက် နံနက်(၉)နာရီက ခေါင်လန်ဖူးမြို့နယ်ခန်းမဆောင်၌ကျင်းပခဲ့သည်။

မချမ်းဘောမြို့၌ ပညာရည်ချွန်ဆုပေးပွဲနှင့် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားနှင့် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးကို စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

မြစ်ကြီးနားလေ့ကျင့်ရေးအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို မြစ်ကြီးနားလေ့ကျင့်ရေးအလယ်တန်းကျောင်းရှိ ပညာအားမာန်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ က ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကံ့ကော်မြိုင်ကွင်းအတွင်း မိုးစပါး ရာနှုန်းပြည့် အထွက်နှုန်းရရှိရေး တောင်သူများထံ သွင်းအားစုများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ် ပလန-၂ (ကံ့ကော်မြိုင်)ကျေးရွာ၊ ကံ့ကော်မြိုင်ကွင်းအတွင်း မိုးစပါး ရာနှုန်းပြည့်အထွက်တိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံအပါအဝင် အခြားသီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် သွင်းအားစုများ ဖြန့်ဝေထောက်ပံ့ပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြော

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ များ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့၌ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီတွင် နတ်ကြီးကုန်းရပ်ကွက် ရှမ်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်