ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ကချင်ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းအား ကချင်ပြည်နယ်အစိုးရ အဖွဲ့က အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။