ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲနှင့် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip EP) သင်တန်း အမှတ်စဉ် (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဆင်းပွဲနှင့် ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)မှကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းက မိုးလုံလေလုံအားကစားခန်းမနှင့် ပညာရေးဒီဂရီကောလိပ်တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။