ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)နှင့် ဗလမင်းထင်ဧက ၁၀၀ မိုးစပါးစံပြစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းသီးထပ်စွမ်းအားတိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား) ကျောင်းဝင်းနှင့် ဗလမင်းထင်ဧက ၁၀၀ စံပြ မိုးစပါးစိုက်ခင်းအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။