ကချင်ပြည်နယ်

ပူတာအိုခရိုင်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း(Grade-12) ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်ပြန်လည်အပ်နှံခြင်းအခမ်းအနားကျင်းပ

၂၀၂၅-ခုနှစ် မတ်လတွင် စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ် ၂၈-၃-၂၀၂၅ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အား အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့မှုများ ဖြစ်ပွားခဲ့ရာ အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် (Grade-12) ကျောင်းသား၊ ကျောင်းသူ များအား ပုံနှိပ်စာအုပ်ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ဧပြီ(၂၈)ရက် မွန်းလွှဲ(၁)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး ဆရာ/ဆရာမများအား Revision ပြန်လည်သင်ကြားရေး လုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသဖြင့် ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ပြန်လည်ကျင်းပပြုလုပ်စစ်ဆေး နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် အခြေခံပညာဦးစီးဌာနမှ Grade-12 သင် ဆရာ/ ဆရာမများအား မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများက ဘာသာရပ်အလိုက် Revis-ion ပြန်လည်ဆွေးနွေးပို့ချခြင်းကို ဧပြီ ၂၈ ရက်နေ့က စတင်၍ သတ်မှတ်နေရာအသီးသီး၌ ဆွေးနွေးပို့ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့၌ ခရိုင်အဆင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် ခရိုင်အဆင့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း အားကာသိပ္ပံကျောင်း မြေနေရာ အပါအဝင် တိုးချဲ့ကွက်သစ်မြေ ဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ ကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေကာတာနှင့် ရေတားတမံတည်ဆောက်ရေး အတွက် အလှူငွေများ ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၄၈၀ ပေါ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာများ အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများနှင့် တိုးချဲ့ကွက်သစ်မြေနေရာများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိရာပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မိုးကောင်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန်အတွက် Grade 12 သင်ဆရာ၊ ဆရာမများအား TOT ပြန်လည်ပို့ချ

ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန်အတွက် Grade- 12 သင်ဆရာ၊ ဆရာမများအား တက္ကသိုလ်ပါမောက္ခများမှ Online Zoom ဖြင့် TOT ပြန်လည်ပို့ချခြင်းကို ဧပြီ(၂၈)ရက်နံနက်(၉)နာရီတွင် ဆောင်ရွက်လျက်ရှိရာ မိုးကောင်းမြို့နယ်မှ ဆရာ၊ ဆရာမများက မိုကောင်းခန်းမ၌တက်‌ရောက်သင်ယူကြောင်း သိရသည်။

မိုးညှင်းမြို့၌ ခရိုင်အဆင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခရိုင်အဆင့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် Grade 12 သင် ဆရာ၊ ဆရာမများအား TOT ပြန်လည်ပို့ချ

ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် Grade 12 သင်ဆရာ၊ ဆရာမများအား တက္ကသိုလ်ပါမောက္ခများမှ Online Zoom ဖြင့် TOT ပြန်လည်ပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီတွင် ဆောင်ရွက်လျက်ရှိရာ မိုးကောင်းမြို့နယ်မှ ဆရာ၊ ဆရာမများက မိုကောင်းခန်းမ၌ တက်‌ရောက်သင်ယူကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ပြည်နယ်/ ခရိုင်/ မြို့နယ် အရာထမ်း/အမှုထမ်း ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပေးဟောပြောပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ဦးဆောင်၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်း ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပူတာအို၌ ရဝမ်လူမျိုးများ၏ရှေးဟောင်းအနုပညာ(အဆို၊ အက၊ အတီး၊ အမှုတ်)သင်တန်းဆင်းပွဲပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းကကြီးမှူးဖွင့်လှစ်သော ရဝမ်လူမျိုးများ၏ရှေးဟောင်းအနုပညာ(အဆို၊ အက၊ အတီး၊ အမှုတ်)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခရန်ခူးခန်းမ၌ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကစားနည်းအလိုက် ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုအားပေး၊ ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးလုပ်ငန်းခွင်အတွင်း မြစ်ရေမြင့်တက်လာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက်အောင်မြင်မှုရရှိရေးအတွက် အားကစားသမားများအားကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီက အားကစားကွင်း၊ အားကစားရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်