နေပြည်တော်ကောင်စီနယ်မြေ

လယ်ဝေးမြို့နယ်၊ မီးလောင်ကုန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရှိ ဆောင်းသီးနှံ မတ်ပဲစိုက်ပျိုးမည့် အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများ ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ရွှေပြည်အေးကျေးရွာ၊ မီးလောင်ကုန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရှိ ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ နိုင်ငံတော်ထောက်ပံ့ငွေ(သက်တန့်ရောင်စီမံကိန်း)ဖြင့် မျိုးနှင့်သွင်းအားစုများ ပေးအပ်ပွဲကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးလယ်ဝေးမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းကပ်ထားမှုနှင့် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက် ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအားကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရာ ပြည်သူများလာရောက် ကြည့်ရှုနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်းသန့်ရှင်းသာယာလှပစေရေးကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိပန်းခြံအမှတ်(၁)သို့ သွားရောက်ပြီး ပန်းခြံအတွင်း ပန်းအလှပင်များပြုပြင်ထိန်းသိမ်းရေး‌ဆောင်ရွက်နေမှု အခြေအနေများနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပန်းခြံအတွင်း အမှိုက်များ၊ အရွက်ခြောက်များမရှိစေရန် အမြဲသန့်ရှင်းမှုရှိ‌စေရေး၊ သပ်ရပ်လှပသောလျှောက်လမ်းများဖြစ်စေရန်နှင့် ဘေးဝဲ/ယာ တစ်လျှောက် အရောင်အသွေးစုံလင်သော ရာသီအလိုက်ပန်းအလှပင်များ တိုးချဲ့စိုက်ပျိုးရေး၊ ပုံမှန်ရေပေးစနစ် ထားရှိကာ ထိန်းသိမ်းရေးလုပ်ငန်းများနှင့်  စိုက်ပျိုးထားရှိသည့် အပင်များရှင်သန်ကြီးထွား‌အောင် စနစ်တကျစီမံဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

တပ်ကုန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်နေ့နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ ခွဲများတွင် ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့မှစတင်၍ ကပ်ထားကြေညာ လျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်လုပ်ငန်းရှင်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားတက်ရောက်

ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စားစက်မှုဇုန်လုပ်ငန်းရှင်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ကျင်းပရာ နေပြည်တော်အသေးစားနှင့် အလတ်စားစက်မှုဇုန် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုံစီမံခန့်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းစိုး၊ နေပြည်တော်အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် စက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများတွင် ယမန်နေ့နိုဝင်ဘာ ၂၁ ရက်နေ့မှစတင်၍ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာခြင်းကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများတွင် ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လှည့်လည်ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာနှင့် လေသာ-တောင်သာရပ်ကွက်တို့သို့  သွားရောက်ငှားရမ်းပေးကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ