နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော် ဟိုတယ်ဇုန်(၂)အတွင်းရှိ ဟိုတယ်များ ကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် ဟိုတယ်ဇုန်(၂) ရာဇသင်္ဂဟလမ်းမကြီးဘေးရှိ ဟိုတယ်များသန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်နေမှုနှင့် ဧည့်သည်လက်ခံ၍ ဝန်ဆောင်မှုပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။